အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေး

အိမ်မဲ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက် (၆) နာရီတွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေး လျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား စုစုပေါင်း ၁၆၀၀ ကျော်ရှိကြောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

"အိမ်မဲမြို့နယ်မှာ အငြိမ်းစားဝန်ထမ်းပေါင်း ၁၆၀၀ ကျော်ရှိပါတယ်။ ပင်စင်လစာငွေများကို ဒီလမှာ တော့ ၂၁ ရက်နေ့က ပိတ်ရက်ဖြစ်တဲ့အတွက် ရက်နေ့ကနေ လကုန်ရက်အထိ နံနက် ၆ နာရီ ကနေ ညနေပိုင်းအထိ အထိထုတ်ပေးပါတယ်။ ယနေ့နံနက် ၁၀ နာရီအချိန်ထိ အငြိမ်းစားဝန်ထမ်း (၂၀၀)ဦးလောက် ပင်စင်လစာ ထုတ်ပေးပြီးပါပြီလို့ "အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်စန်းစန်းကြိုင် ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ်(အိမ်မဲ)