မရမ်းကုန်းမြို့နယ်၌ မသန်စွမ်းလူငယ် (၇၅)ဦးအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မရမ်းကုန်း သြဂုတ် ၂၃

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်၊ ကျိုက်ဝိုင်းလူငယ်သင်တန်း​ကျောင်း၌ ယ​နေ့နံနက် (၁၀)နာရီအချိန်က မသန်စွမ်းလူငယ် (၇၅)ဦးအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးထိုးနှံ ဆောင်ရွက်​ပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်​ဆေးထိုးနှံ​သူများအား ကိုဗစ်-၁၉စည်းကမ်းနှင့်အညီ သတ်မှတ်​နေရာများ​ ဆောင်ရွက်​ပေးခြင်း၊ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ​ဆေးထိုးပြီးချိန်နား​နေရန်​နေရာများ ပြင်ဆင်​ဆောင်ရွက်ထားရှိခြင်းများကို မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်​ဇော်​အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲတို့က ​ဆောင်ရွက်​ခဲ့ကြပြီး ​ဆေးထိုးလာ မသန်စွမ်းလူငယ်များအား အမှတ်တရလက်​ဆောင်များ ​ပေးအပ်ခဲ့ကြ​ကြောင်း သတင်းရရှိသည်။

​အေး​​အေး​အောင်(ပြန်/ဆက်)