ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဆော်ဩခြင်းနှင့် Pump ဆီဆိုင်များအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဖလမ်း ဩဂုတ် ၂၃

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံပေးနေမှု၊ အပိုဆောင်း Booster Dose ကာကွယ်ဆေးထိုးနှံ‌ရေးအသိပေးဆော်ဩခြင်းနှင့် pump ဆီဆိုင်များအား မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့၊ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင် ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် Booster Dose များအား ဖလမ်းမြို့၊ မြို့တော်ခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်း၊ ထပ်မံ၍ အသက်(၁၈)နှစ်အထက် ပြည်သူများကို ၂၀၂၂ ခုနှစ်၊ မေလအထိ နှစ်ကြိမ်ထိုးနှံပြီးစီးသည့် နေ့မှစ၍ (၃)လပြည့်ပြီးသူများအား ဖလမ်းမြို့၊ မြို့တော်ခန်းမ တွင် အပိုဆောင်း Booster Dose ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း မီးသတ်ယာဉ်ဖြင့် မြို့ပေါ်(၄)ရပ်တွင် လှည့်လည်ဆော်ဩ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဖလမ်းမြို့၊ မြို့ပေါ် (၄)ရပ်ကွက်ရှိ pump ဆီဆိုင်များဖြစ်သည့် မဟာဆီဆိုင်၊ စိန်ဖလမ်း ဆီဆိုင်နှင့် အလင်းရောင်ဆီဆိုင်များတွင် ဆီဝယ်ယူမှု၊ ဆီရောင်းချမှုနှင့် ဆီလက်ကျန် အခြေအနေများအား မြေပြင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကိုရှိန်း