ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (Community Centre) ခန်းမတွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ
ကျောင်းသား၊ လူငယ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ လူအများနှင့်ပြောဆိုရာတွင် ပြောရဲဆိုရဲသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိမ်ကမ်း)မြို့နယ်၊ (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မဟာနွယ်ကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီ က ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်သည်။