ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် မြန်မာစကားပုံဆက်၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတပြည့်စုံနိုင်စေရန် ရည်ရွယ်၍ အလယ်တန်းအဆင့် မြန်မာစကားပုံဆက်၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်း (၁)နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်များအား ထိန်းချုပ်ကာကွယ်နိုင် ရေးအတွက် လစဉ်သတ်မှတ်ရက်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား ဩဂုတ်(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၃)ရက်တာ ဆက်လက်ထိုးနှံပေးမည် ဖြစ်သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁)နာရီ က မျိုးဆက်သစ်က လေးသူငယ်များ စာပေဖတ်ရှုမှုမြင့်မားတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ ပိုမိုကျယ်ပြန့် လာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ကလေးများဖြင့် ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နှင့် တောင်ငူမြို့တို့တွင် မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြေင်းလဲစေသော မူးယစ်ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ယမန်နေ့နံနက် ၁၀နာရီ က ပဲခူးမြို့၊ အ.ထ.က (၁)၊ သီရိပညာခန်းမ၌ ကျင်းပသည်။

ဒေးဒရဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာ အပြင် စာပေဗဟုသုတ တိုးပွားစေရေး၊ အကျိုးအကြောင်း၊ အကောင်း အဆိုးကို ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ကျေးလက်ဒေသများသို့ ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၁)နာရီက လေးအိမ်ကုန်း ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်​တင်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။

ဖျာပုံခရိုင်ရုံး (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောခြင်း၊ စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး ကျန်းမာပျော်ရွှင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဟင်္သာတမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ၊ စာဖတ်ဝိုင်းများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ပြန်ဆက်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ၊ စာဖတ်ဝိုင်းများကို သြဂုတ် ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဟင်္သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တိုက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်များ ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀:၀၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ညောင်ဦးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောအဖွဲ့မှ ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ အချိန်က ညောင်ဦးမြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၊ ဘုန်းတော်ကြီး ကျောင်းတွင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ ငှားရမ်းပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာရေးသူများ ရည်ညွှန်းကိုးကား ရေးသားနိုင်ရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်လူရွယ် ကျောင်းသား/သူများ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် အသစ်ရောက်ရှိသော စာအုပ်စာစောင်များ၊ ဗဟုသုတဖြစ်ဖွယ် သုတ/ရသ၊ မဂ္ဂဇင်း၊ ရုပ်ပြ စသည်တို့ကို နေ့စဉ်နံနက် ၉:၃၀နာရီမှ ညနေ ၄:၃၀ နာရီအထိ ငှားရမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
Subscribe to