ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (Community Centre) ခန်းမတွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ

ဒဂုံဆိပ်ကမ်း သြဂုတ် ၂၃

ကျောင်းသား၊ လူငယ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ လူအများနှင့်ပြောဆိုရာတွင် ပြောရဲဆိုရဲသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိမ်ကမ်း)မြို့နယ်၊ (Community Centre) ခန်းမတွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မဟာနွယ်ကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်း၍  ယနေ့နံနက် (၁၀)နာရီ က ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမဥ္ဇူ က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းကမ်းသတ်မှတ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ပြိုင်ပွဲတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအားဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)