သနပ်ပင် ဩဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာတို့ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးအကြောင်းသိကောင်းစရာ (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က လူထုအခြေပြုဗဟိူဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် သနပ်ပင်မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်သူရက ကျွန်တော်တို့ ဒေသဖွံ့ဖြိုးရေးမှာ အဓိက လမ်းပန်းဆက်သွယ်ရေးဖြစ်ပါတယ် လမ်းသွားရေးလာရေး လွယ်ကူချောမွေ့လျင် မြို့နယ်၊ ရပ်ကွက်/ကျေးရွာများအထိ ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ် အခုဆိုလျင် ကျွန်တော်တို့မြို့နယ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးအသုံးစရိတ်နှင့်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အဖွဲ့ပိုင်ရံပုံငွေတို့ဖြင့် မြို့နယ်အတွင်း လမ်း၊ တံတား၊ ရေပေးရေး၊ အုတ်ရေမြောင်းနှင့် မြို့သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း သနပ်ပင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်လမ်း (၁၀)လမ်း၊ ကတ္တရယလမ်း(၁)လမ်း၊ ဂဝံလမ်း(၁)လမ်း၊ တံတား(၄)ခုနှင့်၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း အုတ်ရေမြောင်း ပြုလုပ်ခြင်း(၃)ခု စုစုပေါင်းလုပ်ငန်းစီမံကိန်း (၁၉)ခုအား ငွေလုံးငွေရင်းအသုံးစရိတ် (၃၄၇.၂၁၀) သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဆွေနွေးခဲ့ကြသည်။
လှမိုး(ပြန်/ဆက်)