ရွှေသောင်ယံ ဩဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထက(ရွှေသောင်ယံ)တွင် ယနေ့ နံနက်(၉)နာရီခွဲမှ စတင်၍ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံရာတွင် အသက်(၅)နှစ်မှ (၁၈)နှစ်အထိ ပထမအကြိမ် ထိုးနှံရမည့် ကျောင်းသား၊ ကျောင်းသူများ၊ ဒုတိယအကြိမ် ဆက်လက်ထိုးနှံရမည့် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးများ ထိုးနှံလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရာ၌ ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ သပေါ့ကန်ကျေးလက် ကျန်းမာရေးဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)