တံတားဦးမြို့နယ် သစ်တော်ဖျား(မ)ကျေးရွာတွင် အခြေခံပညာအလယ်တန်းကျောင်းအဆင့်မှ  အထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင်ဖွင့်လှစ်ရရှိ

တံတားဦး  ဩဂုတ်၂၉

၂၀၂၂-၂၀၂၃ ပညာသင်၌ ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် နွားခြံကြီးကုန်းကျေးရွာအုပ်စု သစ်တော်ဖျား(မ)ကျေးရွာတွင် အခြေခံ ပညာအလယ်တန်းကျောင်းမှ  အထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

တံတားဦးမြို့နယ်တွင် ကျေးရွာအုပ်စု(၆၄)အုပ်စုရှိရာ ကျေးရာပေါင်း(၁၆၅)ရွာရှိပြီး အခြေခံပညာ ကျောင်းပေါင်(၁၂၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း(၉)ကျောင်၊ စုစုပေါင်း (၁၃၀) ကျောင်းရှိရာ အခြေခံပညာအလယ်တန်းကျောင်းမှ  အထက်တန်းကျောင်း (ခွဲ)အဖြစ် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ကို ၂၀၂၂-ခုနှစ် ဩဂုတ်(၁၇)ရက်နေ့က ရရှိပါကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန် ထံမှသိရသည်။

မိမိတို့ကျေးရွာ ကျောင်းအဆင့်တိုးဖွင့်လှစ်ခွင့်ရရှိသည့်အတွက် အလွန်ပင်ဝမ်းသာမိပါကြောင်း၊ ကျေးရွာရှိ ကျောင်းသား/သူများနှင့်အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ ကျောင်သား/သူအနေဖြင့် ကျေးရွာနှင့် အလှမ်းကွာဝေးသည့် ကျေးရွာများသို့ ကျောင်းသွားတက်ရန်မလိုတော့ဘဲမိမိကျေးရွာ၌သာ တက်ရောက်ပညာသင်ကြားနိုင်မည်ဖြစ်သည့်အတွက် အတိုင်းမသိဝမ်းသာမိပါကြောင်း သစ်တော်ဖျား(မ) ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရသိရသည်။

ရဲတင့်