မွန်ပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားနှင့် မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) တက်ရောက်

မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် စိတ်ဓါတ်ရေးရာ မြင့်မားစေရေးအတွက် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ၂၀၂၂-ခုနှစ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်သည်၊၊

မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ညနေ (၃)နာရီက ဆောင်ရွက်သည်။

အလုံမြို့နယ်၌ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ (Community Centre) ၌ ပြုလုပ်ကြောင်း သိရသည်။

အလုံမြို့နယ်၌  ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေး ဆက်လက်ထိုးနှံပေး

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်​ဆေးရာနှုန်းပြည့်ထိုးနှံရေးအတွက်  ဦးတည်အုပ်စုများအလိုက် ထိုးနှံ​ပေးလျက်ရှိရာ ယ​နေ့တွင် အလုံမြို့နယ်ခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်​ဆေး ဒုတိယအကြိမ်ထိုးနှံသူ(၁၉)ဦး၊ ပထမအကြိမ်ထိုးနှံသူ(၁၀)ဦး စုစု​ပေါင်း(၂၉)ဦးတို့အား ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

တံတားဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တံတားဦးခရိုင် တည်ဆောက်ရေးလုပ်ငန်းများကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်း တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ဒေးဒရဲမြို့၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ကိုယ်ခန္ဓာဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက လေးအိမ်ကုန်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများ စာဖတ်ရှိန်မြင့်မား‌စေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဆက်သွယ်‌ရေး (စာတိုက်) ရုံးများသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဩဂုတ်လ ၁၂ ရက်နေ့မှစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများကျဆင်းခြင်း ဒေသအတွင်းရှိ မြစ်ချောင်းများရေကြီးရေလျှံမှုဖြစ်ပေါ်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများရှိ လူနေအိမ်များသို့ ရေများဝင်ရောက်ခြင်းကြောင့် ရေဘေးရှောင်ပြည်သူများအနေဖြင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၃)ခုသို့ ယာယီပြောင်း‌ရွေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများသို့

လှိုင်းဘွဲမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဥပဒေဆိုင်ရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တို့၌ ဆောင်ရွက်ခဲ့သည်။
Subscribe to