၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ပညာရေးဝန်ထမ်းသား သမီးများအား ဂုဏ်ပြုထောက်ပံ့
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ပညာရေးဝန်ထမ်း သားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။