ညောင်တုန်းမြို့နယ်တွင် လူငယ်နှင့် သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ Talk Show ပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ လူငယ်နှင့် သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။