ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုတားဆီးဖော်ထုတ်ရေး ရက်တိုသင်တန်းအမှတ်စဉ်(၄/၂၀၂၂)ဖွင့်လှစ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုတားဆီးဖော်ထုတ်ရေး ရက်တို သင်တန်းအမှတ်စဉ်(၄/၂၀၂၂)ကို၊ ယမန်နေ့နံနက်(၁၀)နာရီက၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။