ကော့သောင်း စက်တင်ဘာ ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး၊ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကော့သောင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ကော့သောင်းမြို့တွင် ငါးဖမ်းလှေသုံးစီးမီးလောင်မှုဖြစ်စဉ်၌ သေဆုံးသူနှင့်ဒဏ်ရာရသူများအား ထောက်ပံ့ကြေးပေးအပ်အပ်ပွဲကို ယမန်နေ့ညနေပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ပြုလုပ်သည်။
ပေးအပ်ရာတွင် ကော့သောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)နှင့်တာဝန်ရှိသူများ၊ ကော့သောင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဝက်ဝံကုမ္ပဏီ၊ ရေခဲစက်တံတားတွင် ဆိုက် ကပ်ရပ်နားထားသော( ဝါဒန်း) ဝိုင်းချုပ်ငါးဖမ်းပိုက်လှေကြီး သုံးစီး လွန်ခဲ့သည့် သြဂုတ်လ (၈)ရက်နေ့က မတော်တဆ မီးလောင်ကျွမ်းမှုဖြစ် ပွားရာမှ အသက်ဆုံးရှုံးခဲ့ရသူ(၅)ဦး အားတစ်ဦးလျှင် ထောက်ပံ့ငွေ သုံးသိန်းကျပ်စီနှင့်ဒဏ်ရာရရှိခဲ့သူ(၃)ဦးအား ထောက့်ပံ့ငွေ ငါးသောင်းကျပ်စီဖြင့် စုစုပေါင်းထောက်ပံ့ကြေးငွေ (၁၆၅၀၀၀၀ိ/-) အား သေဆုံးဒဏ်ရာရသူမိသားစုဝင်အသီးသီးသို့ လွဲပြောင်းထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)