မိုင်းယုမြို့၌ ရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော်ခင်းပွဲ(တန်းဌာန်း)ပွဲတော် ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ဒေသခံရှမ်းရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော်(တန်းဌာန်း)ပွဲတော်ကို တော်သလင်းဆန်းပိုင်း တစ်ရက်နေ့မှစ၍ လပြည့်ကျော်နေ့အထိ သတ်မှတ်ရက်များအလိုက် ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျဖြင့် ဘုန်းကြီးကျောင်းများ၌ ကျင်းပပြုလုပ်ကြပြီး ယနေ့တွင်မြို့မရပ်ကွက်ရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့မှ အလှည့်ကျကာပွဲတော်ကို ကျင်းပပြုလုပ်နေလျက်ရှိသည်။

ညောင်ဦးမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ အသိပညာပေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဘုရားနီးလမ်းဆုံတွင် ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ပြီး၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ အချက်များအား ရှင်းလင်းအသိပညာပေးခြင်းနှင့် လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လင်းခေးခရိုင် E-Library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ E-Library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၁၅:၀၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ (၉၀)ရာခိုင်နှုန်း ထုတ်ချေးပြီးစီး

မကွေးတိုင်းဒေသကြီး သရက်ခရိုင်ကံမမြို့နယ်တွင် မိုးရာသီကာလ တောင်သူများ စိုက်ပျိုး ထုတ်လုပ်မှု အဆင်ပြေစေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအနက် ဖရုံလှကျေးရွာအုပ်စုမှ တောင်သူများအား ယနေ့ထုတ်ချေးပေးလျက်ရှိရာ စုစုပေါင်း ကျေးရွာအုပ်စု (၄၇) အုပ်စုမှ တောင်သူများအား ထုတ်ချေးပေးပြီးဖြစ်၍ (၉၀) ရာခိုင်နှုန်း ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ မိုးစပါး မျိုးစေ့ထုတ်စံပြကွက် စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး မျိုးစေ့ထုတ်စံပြကွက် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့ ရပ်ကွက်များအလိုက် ရောင်းချပေးနေကြောင်း သိရသည်။

မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း Software Program ထည့်သွင်းခြင်း လုပ်ငန်းများ လျာထားချက်အတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှု လုပ်ငန်းအား လျာထားချက်အတိုင်း အချိန်မီပြီးစီးရေးကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ပုဂံမြို့ (ကိုးလုံးရပ်) ရှိ အိမ်ခြေ ၄၈ အိမ်စာအတွက် ဆန် ၂ ပြည်စီလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်း (ကိုးလုံးရပ်) ၌ ဝေမျှခြင်း ပရဟိတမိသားစုက ယနေ့နံနက် ၁၀ နာရီအချိန်က အိမ်ထောင်စု ၄၈ အိမ် ထောင်စုအတွက် တစ်အိမ်ထောင် ဆန် ၂ ပြည်နှုန်းဖြင့် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်သည့် အဆင့်မြင့်ပျံကျစျေး အဆောက်အဦသစ်ဆောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စျေးအတွင်း အဆင့်မြင့်ပျံကျစျေး အဆောက်အဦသစ်ကို ဇူလိုင်လပထမအပတ်မှ စတင်ဆောက်လုပ်လျက်ရှိပြီး ယခုအခါ ရာခိုင်နှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မြို့နယ်အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊  သီရိရတနာခန်းမတွင် မြို့နယ်ပညာရေးဦးစီးဌာနနှင့်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်း ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ယနေ့နံနက် (၉) နာရီတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to