နမ့်စန်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၁/၂၀၂၂)ဆင်းပွဲကျင်းပ

နမ့်စန်() စက်တင်ဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီခွဲက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းထူးချွန်ဆုများကိုချီးမြှင့်ရာ ပထမဆုရှိသော နမ့်စန်မြို့၊ အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်တင်ဦးနှင့် နမ့်စန်မြို့၊ အမှတ်(၄)ရပ်ကွက်စာရေးဝန်ထမ်း ဒေါ်မာရိ တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ဒုတိယဆုရရှိသော နမ့်စန်မြို့၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင် ထွန်းနှင့် ပိန်းဆယ်ကျေးရွာအုပ်စုစာရေးဝန်ထမ်း ဦးရှိုင်းဇာနည်အောင်တို့ကို မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်ကျော်မိုးက ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ပြီး တတိယဆုရရှိသော နမ့်စန်မြို့၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းနှင့် နမ့်စန်မြို့၊ အမှတ်(၃) ရပ်ကွက်မှ စာရေးဝန်ထမ်း ဒေါ်မြမြသက်တို့ကို မြို့နယ် လဝက ဦးစီးအရာရှိ ဦးမောင်မောင်ဇော်က ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ဩဂုတ်လ ၂၉ ရက်မှ ၃၁ ရက်နေ့ထိ ၃ရက်ကြာ ဖွင့်လှစ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ငန်း လက်စွဲ၊ ရပ်/ကျေးဥပဒေ၊ နည်းဥပဒေနှင့် ဌာနဆိုင်ရာ ၁၄ ခု၏ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်ကြားပို့ချပေးခဲ့ပြီး နမ့်စန်မြို့နယ်နှင့်ခိုလမ်မြို့တို့မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)