နမ့်စန်(တ) စက်တင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ လေတပ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထက(ခွဲ)လေတပ်မှကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုသန္တာလွင်တို့က ကျောင်းသား၊ ကျောင်းသူများကို လူကုန်ကူးခံရခြင်းအကြောင်းအရင်းများ၊ လက်ရှိလူကုန်ကူးမှု ဖြစ်ပွားနေမှုအခြေအနေများနှင့် လူကုန်ကူးခံရမှုပုံစံအမျိုးမျိုး၊ လူကုန်ကူးခံရမှုမှ ကင်းဝေးစေရန်ဆောင်ရန်၊ ရှောင်ရန်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများနှင့် လူကုန်ကူးမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေးဟောပြောခဲ့သည်။
ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို အသိပညာပေးနံရံကပ်စာစောင်များပြသပေးခြင်း၊ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး၍ စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)