ဒေးဒရဲမြို့၌ မျိုးစေ့ထုတ်တောင်သူများအား ယူရီးယားဓာတ်မြေသြဇာများ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

ဒေးဒရဲ စက်တင်ဘာ ၁

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးနှင့် ပူးပေါင်းဆောင်ရွက်သည့် မျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေသြဇာ စျေးနှုန်းကြီးမြင့်မှုကြောင့် အထွက်နှုန်းလျော့နည်းကျဆင်းမှု မရှိစေရေးအတွက် နိုင်ငံတော်သတ်မှတ်စျေးနှုန်းအတိုင်း ယူရီးယားဓာတ်မြေသြဇာများကို ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဓာတ်မြေသြဇာများ ဖြန့်ဖြူးရောင်းချပေးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများက ကျေးရွာအုပ်စု(၁၀)စုရှိ တောင်သူ(၁၃)ဦး၏ မျိုးစေ့ထုတ်စိုက်ဧက(၁၂၀)အတွက် ယူရီးယားဓာတ်မြေသြဇာ (၁၂၀)အိတ်ကို နိုင်ငံတော် သတ်မှတ်စျေးနှုန်းဖြစ်သည့် တစ်အိတ်လျှင်(၃၀,၀၀၀)ကျပ်နှုန်းဖြင့် တောင်သူများ လက်ဝယ် အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း

မြို့နယ်(ပြန်/ဆက်)