မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြောင်းမြ စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြောင်းမြမြို့ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြောင်းမြမြို့နယ် (က) အသင်းနှင့် (ခ)အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ (က)အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ထို့နောက် ဆုများကို ဆက်လက်ချီးမြှင့်ရာ ဒုတိယဆုရ မြောင်းမြမြို့နယ် (ခ)အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ကျပ်နှစ်သိန်းကိုလည်းကောင်း၊ ပထမဆုရ မြောင်းမြမြို့နယ် (က) အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ကျပ် သုံးသိန်းကို လည်းကောင်း တာဝန်ရှိသူများက အသီးသီးချီးမြှင့်ကြပြီး၊ ပထမဆုဖလားကို မြောင်းမြမြို့နယ် (က)အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များမှ ယှဥ်ပြိုင်ကစားကြခြင်းဖြစ်ပြီး၊ ခရိုင်လက်ရွေးစင်အသင်းကို ဖွဲ့စည်းပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားတွင် ပါဝင်ယှဥ်ပြိုင်ရန်အတွက် ပုသိမ်မြို့သို့ သွားရောက်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)