မြို့သစ်တွင် မွေးစမှအသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်

မြို့သစ် စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်မြို့သစ်မြို့နယ်တွင် မွေးစမှ အသက် (၁) နှစ်အောအောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉)နာရီမှစ၍ မြို့သစ်မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို အသက်(၁)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခြင်းမရှိသော (၂)နှစ် အောက်ကလေးငယ်များကိုပါ လိုအပ်သည့် ကာကွယ်ဆေးများ တိုက်ကျွေး/ ထိုးနှံပေးလျက်ရှိသည်။

ယခုထိုးနှံပေးသည့် ကာကွယ်ဆေးများမှာ မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအတွက် သတ်မှတ်ကာကွယ်ဆေးများဖြစ်သည့် ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပြင်းထန်အဆတ်ရောင် (ပီစီဗီ)နှင့် ဆုံဆို့- ကြက် ညှာ-မေး ခိုင်-အသည်းရောင်အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင် အစရှိသည့် (၅)မျိုးစပ် ကာကွယ်ဆေးဖြစ်သည့်ထိုးဆေး/ အစက်ချသောက်ဆေးတို့ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)