မိုင်းလုံ စက်တင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများမှ ဗဟုသုတတိုးပွားစေရန် စာအုပ်များနေ့စဉ်ငှားရမ်းလျက်ရှိကြောင်း သိရသည်။
ထိုသို့လာရောကငှားရမ်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက ကလေးငယ်များကို ကလေး စာပေနှင့်သက်ဆိုင်သော ရွှေသွေးဂျာနယ်၊ ကာတွန်း၊ ရုပ်ပြများကိုငှားရမ်းပေးပြီး ပြည်သူ့စာကြည့်တိုက်ကို တစ်ပတ်လျှင် တနင်္ဂနွေတစ်ရက်နှင့် အစိုးရ ရုံးပိတ်ရက်များသာ ပိတ်ထားပြီး နေ့စဉ်ငှားရမ်းပေးရာ စာအုပ်များကို နေ့စဉ် လာရောက်အပ်နှံကြရန်၊ စာအုပ်ကို ရိုရိုသေသေ ကိုင်တွယ်ဖတ်ရှုရန် အမြဲပြောကြားပြီး ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက တစ်နေ့လျှင် (၂၀)ဦးခန့်နေ့စဉ် လာရောက်ငှားရမ်းကြောင်းကို မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးထံက သိရသည်။
စာကြည့်တိုက်တွင် စာအုပ်စာစောင်များဌားရမ်းပေးသည့်အပြစာပေ ဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှတစ်ဆင့်တင်ဆက်ပေးသည့်လုပ်ငန်းများလည်း လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)