မြောက်ဦးခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကဗျာရွက်ဆိုပြိုင်ပွဲ ကျင်းပ

မြောက်ဦး  စက်တင်ဘာ ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကဗျာရွက်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အကြီးတန်းစာရေးဦးတင်ဝင်းမှ အခုလိုကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခြင်းဖြင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများဖြစ်လာမည့် ကျောင်းသူ/ ကျောင်းသားများအနေဖြင့် ကျောင်းသင်ခန်းစာ ကဗျာများအပြင် ပြင်ပမှရေးသားသော သုတရသကဗျာများကိုလည်း ပိုမိုစိတ်ဝင်စားမှုရှိလာမည်ဖြစ်ကြောင်းနှင့် စာကြည့်တိုက်နှင့်လည်း ထိတွေ့ရင်းနှီးမှုများရှိလာစေရန် ရည်ရွယ်ပြီးပြောကြားခဲ့ပြီးနောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပရာတွင် မိမိကြိုက်နှစ်သက်ရာ ကဗျာခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူ(၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)