ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

ကော့မှူး   စက်တင်ဘာ   ၇

ကျောင်းသား၊ ကျောင်းသူများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်က ရန်ကုန်တိုင်း‌ဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဘုရားလမ်းရပ်ကွက် အခြေခံမူလတန်းလွန်ကျောင်း(မူလွန်ပတုပ်)၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးနေကြောင်း သိရသည်။

ထို့နောက်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စာအုပ်များငှားရမ်းပေးရာတွင် ဝတ္တု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ ရသစာအုပ် စာစောင်များစုံလင်စွာ ငှားရမ်း‌ပေးခဲ့ပြီးငှားရမ်း‌ပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရွေ့လျားစာကြည့်တိုက်ယာဉ်တွင် ကျောင်းသား/ ကျောင်းသူများစိတ်ကြိုက်ရွေးချယ်ဖတ်ရှုနိုင်စေရန် သုတ/ ရသမဂ္ဂဇင်း၊ ဝတ္တုနှင့်ရုပ်ပြစာအုပ်စုစုပေါင်း(၅၀၀)ကျော်ပါရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာ‌ကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ အပတ်စဉ်လိုက်လံငှားရမ်းပေးနေကြောင်းသိရသည်။

ကျော်သူရ (ပြန်/ဆက်)