ကျိန္တလီ စက်တင်ဘာ ၇
ကျိန္တလီမြို့၌ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အ-ထ-က ကျိန္တလီ ကျောင်းစာသင်ခန်းများတွင် ဟောပြောခဲ့သည်။
ထိုကဲ့သို့ဟောပြောရာတွင် ဂွမြို့နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီလာအေးမှ Grade-10၊ Grade -11 ကျောင်းသားများအား ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောရာတွင် မျိုးဆက်ပွားကျန်းမာရေး၊ အဟာရနှင့်ကျန်းမာရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကျန်းမာရေးစသည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး သားဖွားဆရာမ ဒေါ်ခင်ဇေယျာဝင်းနှင့် ဒေါ်သန်းသန်းဝင်းတို့မှ Grade-10၊ Grade -11 ကျောင်းသူများအား အသိပညာပေးဟောပြောရာတွင် မျိုးဆက်ပွားကျန်းမာရေးနှင့် အစာအာဟာရနှင့်ကျန်းမာရေးတို့ကို ဟောပြောခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများမှ ဆွေးနွေးမေးမြန်းချက်များအား ဆရာမများမှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ အ-ထ-က ကျိန္တလီကျောင်းမှ Grade-10၊ Grade -11 ကျောင်းသား (၄၅)ဦးနှင့် ကျောင်းသူ (၆၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျိန္တလီ ပြန်/ဆက်