လှိုင်မြို့နယ်၌ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း စည်းဝေးကျင်းပ

လှိုင် စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီက  ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့‌ အဖွဲ့၀င်(၁) ဗိုလ်မှူးသန်းမင်း‌‌အောင်က မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်း ပါ၀င်ဆောင်ရွက်စေချင်ကြောင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးကို ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်အတူ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိရုံးဌာန၏ လုံခြုံရေးဂရုပြု ဆောင်ရွက်သွားစေလိုကြောင်း၊ မြို့နယ်အတွင်း စစ်ကြောင်းကြီး(၅)ကြောင်း ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အဖွဲ့အလိုက် ခေါင်းဆောင်များက ဒေသဖွံဖြိုးရေး ကိစ္စရပ်များအား ကွင်းဆင်းဆောင်ရွက်သွားရန်နှင့် ကွင်းဆင်းဆောင်ရွက်မှု မှတ်တမ်းများကို ပြန်လည်တင်ပြသွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကဏ္ဍအလိုက် ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ရဲအောင်