တံတားဦး စက်တင်ဘာ ၈
တံတားဦးခရိုင် တံတားဦးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီဌာနမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Dose)ကို သက်ဆိုင်ရာအခြေခံပညာကျောင်းများလိုက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster Dose)ထိုးနှံရန် အခြေခံပညာအထက် တန်းအဆင့် ကျောင်းသား/သူ (၈၅၇)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၂၅၃၂)ဦး၊ ဘုန်းတော်ကြီသင်ပညာရေးကျောင်းမှ အလယ် တန်းအဆင့်(၁၈၅)ဦး စုစု ပေါင်း (၃၅၇၄)ဦး လျာထားကြောင်း၊ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံပြီးသူ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/သူ (၁၇၇)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၁၈၇)ဦး စုစုပေါင်းကျောင်းသား/သူ (၃၆၄)ဦးအား မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းရေးသွင်းနှင့် မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒကိုရယူကာ ကျန်းမာရေးစည်းကမ်းများနှင့်အညီ ထိုးနှံပေးခဲ့ပါကြောင်း၊ ဒါ့အပြင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Dose)ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား/သူများကိုလည်း ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ထိုးနှံပေးမည်ဖြစ် ကြောင်း တံတားဦးမြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန်ထံမှသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ၊ စေတနာရှင်ပြည်သူများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြကြောင်းလည်းသိရသည်။
ရဲတင့်