ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်

ဇီးကုန်း     စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရေးအတွက် လမ်းသွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်း က လူစည်ကားရာ ရန်ကုန်-ပြည် ကားလမ်းမီးပွိုင့်လမ်းဆုံ၌ ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်၍ နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကျော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက “ကိုဗစ်-၁၉ အိုမီခရွန် မျိုးကွဲတွေဖြစ်သော BA-4 တို့ BA-5 ကူးစက်မှုများ တွေ့ရှိလာသောကြောင့် ပြည်သူများ ကူးစက်ရောဂါ ပြန့်ပွားမှု လျော့ကျစေရေးအတွက် အသိပညာပေးပြောကြားပြီး၊ နှာခေါင်းစည်းအခု(၁၀၀၀)ကို အခမဲ့ ဝေငှပေးခဲ့ကြသည်။

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း First Dose၊ Second Dose များ ပြည့်မီအောင်ထိုးနှံပေးခဲ့သလို Booster Dose ထိုးနှံပေးရေးလုပ်ငန်းများ၊ ကျောင်းနေအရွယ်ကလေးများ ကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး၊ ပြည်သူများအား လမ်းသွားလာရာတွင် နှာခေါင်းစည်များ တပ်ဆင်သွားလာကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign အစီအစဉ်များကို  လမ်းမကြီးများ၊ လမ်းဆုံလမ်းခွများတွင် စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဇီးကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)