နယ်စပ်ရေးရာဝန်ကြီးဌာနက မြစ်ကြီးနားမြို့ မြို့ဦးပရဟိတ ဘုန်းတော်ကြီးကျောင်းသို့ ဝါဆိုသံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

မြစ်ကြီးနား စက်တင်ဘာ ၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်နှင့် အရာထမ်းအမှုထမ်း များသည် ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ သာသနာ့ဝန်‌ဆောင်မြို့ ဦးပရိယတ္တိ စာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာမဏေ စုစုပေါင်း ဝါဆိုသံဃာအပါး ၁၂၀ တို့ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခားစားသောက်ဖွယ်ရာများကို ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်အတွင်း ဝါတွင်းကာလ ဝါဆို သံဃာများ ဆွမ်းအခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားစား သောက်ဖွယ်ရာများကို ဒေသအလိုက် ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)