ငါးသိုင်းချောင်းမြို့၌ သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေး Table Top Exercise ဆွေးနွေးပွဲကျင်းပ

ငါးသိုင်းချောင်းမြို့ စက်တင်ဘာလ ၈

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေး (ရေဘေး၊ လေဘေး၊ ဆူနာမီ၊ ငလျင်)တုံ့ပြန်ဆောင်ရွက်ရေး Table Top Exercise ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဆွေးနွေးပွဲကို ရေကြည်မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးစိုးနိုင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင် တို့က ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးစိုးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သဘာဝဘေးများ ကြုံတွေ့လာ ရပါက ဆောင်ရွက်ကြရမည့် အစီအစဉ်များကို ဌာနတစ်ခုချင်းအလိုက် တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပါ သည်။

ငါးသိုင်းချောင်းမြို့သည် ငဝန်မြစ်ကမ်းဘေးတွင်တည်ရှိသဖြင့် ကမ်းပြိုခြင်းကြောင့် နေအိမ်များ ရွှေ့ပြောင်းခဲ့ရမှု အခြေအနေ၊ ငဝန်မြစ်၏လက်ရှိရေအမှတ်၊ ထပ်မံတိုးလာနိုင်မည့်ရေနှင့် တာတမံကြံ့ခိုင်မှု အခြေအနေတို့ကို မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး မွန်းလွဲ၂ နာရီအချိန်တွင် ဆွေးနွေးပွဲပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)