ကာမိုင်းမြို့၌ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူ‌ခေါက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကာမိုင်း စက်တင်ဘာ ၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ Grade-1, Grade-2 တန်းမှ ကလေးငယ်များအား အရောင်ရွေးချယ်တတ်စေရန်နှင့် ဉာဏ်ရည်ထက်မြက် တိုးတက်စေရန်အတွက် ဆေးရောင်ပြိုင်ပွဲ၊ စက္ကူ‌‌ခေါက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော Grade-1, Grade-2 တန်းမှ ကလေးငယ် (၁၅)ဦးထဲက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သူများအား မြို့ဦးစီးမှူးတာ၀န်ခံ ဒေါ်ရွှေဇင်ဦးမှ ဆုများကို အသီးသီးချီးမြှင့်ခဲ့ပြီး စာအုပ်စာစောင်ပြပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)