ကျောက်ကြီး စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် (Youth Club) အဖွဲ့ဝင်များနှင့် လယ်တွင်သား စောချစ် ရေးသားထားသော ပန်းများပွင့်စေမွှေးစေသူ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ (၃) နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အိအိမွန်က အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ပြည်သူ့စာကြည့်တိုက်များတွင် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဖတ်ရှု လေ့လာတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဉာဏ်ရည်ဉာဏ် သွေးထက်မြက်လာစေရန်နှင့် ပြောဆို ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်ပါအကြောင်းအရာအချို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် (Youth Club)အဖွဲ့ဝင် မဆောင်းနှင်းဖြူနှင့် မောင်ခွန်စိုင်နောင်တို့က လယ်တွင်သား စောချစ် ရေးသားထားသော ပန်းများပွင့်စေမွှေးစေသူ စာအုပ်ဖြင့် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတွင် (Youth Club)အဖွဲ့၀င် (၉) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်