ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စားသောက်ဆိုင် များအား လိုက်လံစစ်ဆေးဆောင်ရွက်

ရန်ကင်း စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့ ၉.၉.၂၀၂၂ ရက်​နေ့တွင် ကိုဗစ်-၁၉​ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက် ရန်ကင်း မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သို့ဖြစ်ရာ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉​ ရောဂါ​ ကာကွယ်ထိန်းချုပ်​ရေးနှင့် ကုသရေး​ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ရန်ကင်းမြို့နယ်အတွင်း​ ရောင်းချလျက်ရှိ​သော စားသောက်ဆိုင်များအား ကိုဗစ်-၁၉​ ရောဂါ ကာကွယ်ထိန်းချုပ်​ရေး​ကော်မတီ၏ စည်းကမ်းပါ ညွှန်ကြားချက်များနှင့်အညီ ​ရောင်းချမှုရှိ​စေ​ရေး လိုက်လံအသိ​ပေး​ပြောကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံစစ်ဆေးဆောင်ရွက်ရာတွင် အဆင်ပြေမှုရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)