ပုဗ္ဗသီရိမြို့နယ်၌ကိုဗစ် ၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်

ပုဗ္ဗသီရိ၊ စက်တင်ဘာ   ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ကြီးကြပ်၍  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက် ၈ နာရီက ကျည်တောင်ကန်စျေး ၌ Mask Campaign ပြုလုပ်ခဲ့သည်။

ထိုသို့  Mask Campaign ပြုလုပ်ရာတွင် ဒေသခံခရီးသွားများနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည် သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါစည်း ကမ်းချက်များ နှင့်အညီ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရန်၊  ပြည်သူများ နေအိမ်မှ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သွားလာရန်နှင့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာဆောင်ရွက်စေရန်၊ ကိုဗစ်-၁၉ ရောဂါကာကွာဆေး အကြိမ်ပြည့်ထိုးနှံစေရန် အသိပညာပေး ပြောကြားခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၁၅၀၀ ကို အခမဲ့ဖြန့် ဝေပေးခြင်း လုပ်ငန်းများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)