စလင်းမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

စလင်း  စက်တင်ဘာ  ၁၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းမြင့်က (Talk Show) ပြုလုပ်ရခြင်းဖြင့် ပြည်သူများ အသိပညာတိုးပွားစေရန် ရည်ရွယ်ချက်ချက်များဖြင့် ဆောင်ရွက်ခဲ့ကြောင်း စတင်မိတ်ဆက်စကားပြောကြားခဲ့သည်။

ထို့နောက် စလင်းမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမင်းအောင်က ကမ္ဘာ့ရှေးဦးပြုစုခြင်း‌နေ့ အထိမ်းအမှတ်‌‌နေ့အကြောင်းနှင့် စလင်းမြို့နယ်ကြက်ခြေနီအသင်းခွဲအနေဖြင့် ရှေးဦးပြုစုခြင်းမှာ ကဏ္ဍစုံဖြင့် ပါဝင်ဆောင်ရွက်နေပြီး အချိန်မရွေး ကူညီဆောင်ရွက်နေ ရခြင်းဖြစ်ကြောင်းနှင့် သဘာဝဘေး၊ ကပ်ရောဂါဘေးနဲ့ ယာဉ်မတော်တဆမှုများ မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့ရာတွင် ရှေးဦးပြုစုရခြင်း၏ ရည်ရွယ်ချက်များ ထဲတွင် အသက်နှင့်ခန္ဓာကိုယ်တည်မြဲ‌စေရန် အခြေအနေမဆိုးရွားစေရန်၊ အမြန်ဆုံးပြန်လည် ကောင်းမွန်လာစေရန်၊ ဆေးအကူအညီအမြန်ဆုံးရရှိ‌ရန် အချက်များကို ရှင်းလင်းပြောကြား ခဲ့ပြီး၊ ရှေးဦးပြုစုခြင်း၏ အကျိုးကျေးဇူးများကတော့ ဆေးရုံဆေးခန်းအတတ်ပညာရှင်များ၏ လက်ထဲမရောက်ခင်မှာ ရှေးဦးစွာ အသက်ခန္ဓာကိုယ် မထိခိုက်ခင်မှာ အသက်ဆုံးရှုံးသွားခြင်း မရှိအောင် ကူညီရခြင်း၊ အခြေအနေမဆိုးရွားခင်မှာ ပြုစုရခြင်းများ၊ ရှေးဦးပြုစုခြင်း အတတ်ပညာဖြင့် အသက်မဆုံးရှုံးအောင်ပြုစုခြင်းဖြင့် ဆေးရုံဆေးခန်းတို့ကို အမြန်ဆုံး ပို့သ ခြင်းဖြင့်လည်းကောင်း  အချိန်အခါမရွေးကူညီဆောင်ရွက်ဖို့ အသင့်ရှိနေပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

မောင်လွင်(စလင်း)