ပခုက္ကူ စက်တင်ဘာ ၁၃
ပခုက္ကူခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းစီမံကိန်းအသစ် အဆိုပြုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံကိန်းဦးစီးမှူး ဦးထင်ကျော်က လုပ်ငန်းစီမံကိန်းအသစ်များ အဆိုပြုခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းစီမံကိန်းအသစ် လျားထားမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ခရိုင်ဥက္ကဋ္ဌနှင့် ခရိုင်စီမံကိန်း ဦးစီးမှူးတို့က ဖြည့်စွက်ရှင်းလင်း မှာကြားခဲ့ကြောင်း သိရသည်။
ကိုဇော်(ဓာတု)