ပျော်ဘွယ် စက်တင်ဘာ ၁၃
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေးကော်မတီမှဦးဆောင်၍ ယင်းတော်မြို့မကျေးရွာရှိ စျေးနှင့်လူစည်ကားသည့် နေရာများတွင် နှာခေါင်းစည်းများကို ယနေ့နံနက်(၈) နာရီက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နှာခေါင်းစည်း (၂၀၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ထိုကဲ့သို့ဖြန့်ဝေရာ၌ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာရာတွင် နှာခေါင်းစည်းစနစ်တကျ တပ်ဆင်သွားလာရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းများနှင့်အညီ နေထိုင်ရေးတို့အား အသိပညာပေးခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)