မိုးညှင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်း လက်ကမ်းစာစောင်များနှင့် Mask ဖြန့်ဝေခြင်းများဆောင်ရွက်

မိုးညှင်း စက်တင်ဘာ ၁၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ဒသမအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် မိုးညှင်းမှ ယနေ့ နံနက်(၉)နာရီ က စုပေါင်းရုံးလမ်းဆုံနှင့် စိမ်းလဲ့ကန်သာယာ ပန်းခြံရှေ့၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်းဘုတ် စိုက်ထူခြင်း၊ လူ…လူ…လူ…လူသည် ရောင်းကုန်မဟုတ်ပါ စာတန်းပါ လက်ကမ်းစာစောင်များနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“၂၀၂၂ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက် (၄)ရပ်” နှင့် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာ အခန်းကဏ္ဍမြှင့်တင်လုပ်ဆောင်ဖို့” ဆောင်ပုဒ်စာတန်းပါ ၈ ပေ ၄ ပေ ဆိုင်းဘုတ်ကို ခရိုင်လူကုန်ကူးမှု တာဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်၊ မြို့နယ် လူကုန်ကူးမှု တာဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်ကို၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အာကာဦး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်အောင်၊ အမှတ်(၃) လူကုန် ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်တင့်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်၊ ခရိုင်လဝက လက်ထောက်ညွှန်ကြား ရေးမှူး ဦးသောင်းထွဋ်ဦး၊ ခရိုင်မြို့နယ်လူကုန်ကူးမှုတာဆီးကာကွယ်ရေး အဖွဲ့ဝင်များ စုစုပေါင်း(၂၃)ဦးတို့က စိုက်ထူခဲ့ကြပြီး  မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်ရှိ လမ်းသွားလမ်းလာ ပြည်သူများအား လူ…လူ…လူ…လူသည်ရောင်းကုန်မဟုတ်ပါ စာတန်းပါ လက်ကမ်းစာစောင် (၂၀၀)စောင်နှင့် Mask (၂၀၀)ခုတို့ကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)