ဟိုပန်၌ အသက်(၁၂)နှစ်မှ (၁၈)နှစ် အတွင်းရှိ ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ် အတွင်းရှိ ကျောင်းသား/သူ များအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း

ဖျာပုံမြို့နယ်ဂေးဂုကျေးရွာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစစဉ်မှုဖြင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ဖျာပုံမြို့နယ်ဂေးဂု ကျေးရွာ အုပ်စုနှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချပေးခြင်း၊ ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းတို့ကိုစက်တင်ဘာလ (၁၄)ရက်နေ့ နေ့လယ်(၁၀)နာရီအချိန်က၊ ဂေးဂုကျေးရွာအောင်ချမ်းသာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

ပြည်မြို့ အ-ထ-က(၅)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့ အ.ထ.က(၅)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်

အမာမြို့ အထကကျောင်းတွင် အသက်(၅)နှစ်မှ (၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ အသက် (၅)နှစ်မှ (၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက် ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က စ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ စပါးခင်းများတွင် ကျရောက်လျက်ရှိသော ဖြုတ်ပိုးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ကျေးရွာအုပ်စုအချို့တွင် စပါးခင်းများအတွင်း ကျရောက်လျက်ရှိသော ဖြုတ်ပိုးများ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများ ပါဝင်မှုဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက တော်ကမယ်ကျေးရွာ၊ ကျောင်းကြီးကျောင်းတိုက်၊ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ ကျောင်းသား ကျောင်းသူများ စာပေလွယ်လင့်တကူဖတ်ရှုနိုင်ရေး ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ လွယ်လင့်တကူ စာပေဖတ်ရှုလေ့လာနိုင်ပြီး လူ့စွမ်းအား အရင်းအမြစ် များဖွံ့ဖြိုးရေး ဆောင်ရွက် လျက်ရှိရာ သုတ၊ ရသစာအုပ်စာစောင်များအား ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနား မြို့အမှတ် (၈)အခြေခံပညာအထက်တန်း ကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အခမဲ့သွားရောက်ငှားရမ်းပေးခဲ့သည်။

မိုးညှင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၉)နာရီ မိနစ်(၃၀)က ကျောင်းသား၊ ကျောင်းသူ များအား တီထွင်ကြံဆတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးပြီး စာဖတ်သည့် အလေ့အထ ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရ သည်။

စလင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲ ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရးရာ၀န်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တီးတိန်မြို့၌ ဒေသခံပြည်သူများအား အခြေခံ စားသောက်ကုန် ပစ္စည်းများသက်သာသော ဈေးနှုန်းဖြင့်ရောင်းချ

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများစားသောက်ရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်တီးတိန်မြို့ ရှိပြည်သူလူထုအား အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှန်းသက်သာစွာဖြင့် ယနေ့နံနက် ၈နာရီမှ စတင်၍ နေ့လယ် ၁၁ နာရီထိ စကောလမ်း လမ်းရပ်ကွက်ကမ်းဟောက်ခန်းမ၌ ရောင်းချကြောင်း သိရသည်။
Subscribe to