ဟိုပန် စက်တင်ဘာ ၁၄
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ် အတွင်းရှိ ကျောင်းသား/သူ များအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဟိုပန် မြို့နယ်၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဆေးထိုးအဖွဲ့များက ယမန်နေ့နံနက်ပိုင်းက အထက(ခွဲ) ကျောင်းများဖြစ်သည့် ရွှေဝါ၊ ပန်ကောက်၊ အလက(ကောင်းကော်)၊ မူလွန်ကျောင်းများဖြစ်သည့် မုန်းကွန်နှင့် လီရှောပန်ကောက် ကျေးရွာစာသင်ကျောင်း စုရပ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကွင်းဆင်းထိုးနှံပေးခဲ့ရာ ကျောင်းသား(၃၀၀)ဦးနှင့် ကျောင်းသူ(၂၄၀)ဦး ထိုးနှံပေးခဲ့သည်။
ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကိုယနေ့အထိ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းကျောင်းသား/သူ (၈၂၈)ဦးအား ထိုးနှံပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိသူများအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းကော်မတီမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)