ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တီးတိန်မြို့၌ ဒေသခံပြည်သူများအား အခြေခံ စားသောက်ကုန် ပစ္စည်းများသက်သာသော ဈေးနှုန်းဖြင့်ရောင်းချ

တီးတိန်  စက်တင်ဘာ  ၁၄

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများစားသောက်ရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်တီးတိန်မြို့ ရှိပြည်သူလူထုအား အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှန်းသက်သာစွာဖြင့် ယနေ့နံနက် ၈နာရီမှ စတင်၍ နေ့လယ် ၁၁ နာရီထိ စကောလမ်း လမ်းရပ်ကွက်ကမ်းဟောက်ခန်းမ၌ ရောင်းချကြောင်း သိရသည်။

ထိုသို့အခြေခံစားသောက်ကုန်များ ရောင်းချရာတွင်အနောက်မြောက်ပိုင်း စစ်ဌာနချုပ်ဟားခါး တပ်နယ်မှအသား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ၊ ခြံထွက်ဈေးနှုန်းဖြင့်ရောင်းချခြင်း၊ အခြေခံ စားသောက် ကုန်ပစ္စည်းများဖြစ်သောဆန်၊ ပဲဆီ၊ နေကြာဆီ၊ ဆား၊ ခေါက်ဆွဲခြေက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ကြက်ဥ၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ချဉ်ပေါင်၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီထုပ်၊ ရုံးပတီသီး၊ စသည်များကို ကိုဗစ်-၁၉ရောဂါကာကွယ် စည်းကမ်းချက်များနှင့် အညီဈေးနှန်း သက်သာစွာရောင်းချ ရာပြည်သူများက စိတ်ချမ်းသာစွာ သွားရောက် ဝယ်ယူကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)