ဖျာပုံမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် ပူးပေါင်း၍ စာပေကိုချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။

တန့်ယန်းခရိုင်တွင် စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းကို မိုင်းပတ်ကျေးရွာအုပ်စု၌ ဖွင့်လှစ်နိုင်ရန် စတင်စီစဉ်ဆောင်ရွက်နေပြီဖြစ်သည်။

မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းတွေ့စုံပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ၂၀၂၂ ခုနှစ်၊ ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင် အဆင့်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက  ပေးအပ်ခဲ့သည်။

ကော့ကရိတ်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေဆုံ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့အစည်းများသည် ယနေ့နံနက် ၁၀ နာရီချိန်က ကျုံဒိုးမြို့ အမှတ်(၂)ရပ်ကွက် အေးစေတီဓမ္မာရုံ၌ အမှတ်(၂/၃)ရပ်ကွက် နေပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း ဟောပြော

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဘားအံမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီခန့်ကစတင်၍ ဘားအံမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတုတ္ထအကြိမ်ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် BA4, BA5 ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးသုံးကြိမ်ထိုးနှံထားပြီး

ညောင်လေးပင်မြို့နယ်တွင် (Contract Farming)အကျိုးတူလယ်ယာစနစ်ဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က (Contract Farming)အကျိုးတူလယ်ယာစနစ်ဖြင့်ဆောင်ရွက်မည့် ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to