အမာမြို့ အထကကျောင်းတွင် အသက်(၅)နှစ်မှ (၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံ

အမာ စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ အသက် (၅)နှစ်မှ (၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက် ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က စ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည်  ခြင်မှတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး ဦးနှောက်တွင်းရောဂါပိုး ပျံ့နှံ့စေ‌သော ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်တစ်ရှူးများ ရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေနိုင်ကြောင်း၊ ဒီရောဂါဟာ ကုသနိုင်တဲ့ဆေးဝါး မရှိသေးဘဲ ပြင်းထန်တဲ့ကူးစက်မှုတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေပြီး ထိရောက်စွာ ကုသမှုမရှိပါက အသက်ဆုံးရှုံးရတဲ့အထိ အန္တရာယ်ပေးနိုင်‌ကြောင်း၊ အသက်ဆုံးရှုံးမှုမရှိဘဲ ပြန်ကောင်းလာ‌သော လူနာများမှာလည်း တစ်ဝက်ခန့်က နားလေးခြင်း၊ မျက်စိကွယ်ခြင်း၊ ကိုယ်လက် မသန်စွမ်းခြင်း၊ ဉာဏ်ရည် နိမ့်ကျခြင်း၊ စိတ်မူမမှန်ခြင်းစတဲ့ နောက်ဆက်တွဲ ရောဂါများခံစားရနိုင် ကြောင်း၊ ရောဂါဖြစ်ပွား‌ စေသောဗိုင်းရပ်စ်ကို ဝက်၊ ငှက်၊ ခို၊ ဘဲ၊ လင်းနို့တို့တွင် တွေ့ရပြီး ၎င်းတို့ကိုကိုက်ခဲ့သော ခြင်မှတဆင့် လူနှင့် နို့တိုက်သတ္တဝါများထံ ပြန်ကူးစက်ခြင်းဖြစ်ကြောင်း ထို့ကြောင့် ကျေးလက်ဒေသတွေမှာ ပိုအဖြစ်များပြီး လူကလူကို တိုက်ရိုက်ကူးစက်နိုင်မှု မရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အမာမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမများက ထိုးနှံပေးပြီး ကလေးငယ်များ ကာကွယ်ဆေးထိုးနှံမှု အဆင်ပြေစေရေး ‌ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့‌ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ (၁၈၄)ဦးကို ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)