ဖျာပုံ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစစဉ်မှုဖြင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ဖျာပုံမြို့နယ်ဂေးဂု ကျေးရွာ အုပ်စုနှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချပေးခြင်း၊ ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းတို့ကိုစက်တင်ဘာလ (၁၄)ရက်နေ့ နေ့လယ်(၁၀)နာရီအချိန်က၊ ဂေးဂုကျေးရွာအောင်ချမ်းသာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်က ယခုကဲ့သို့မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကျန်းမာရေး၊ ပညာရေး၊ ဒေသလုံခြုံရေး ကိစ္စရပ်များနှင့် သက်သာသောစျေးနှုန်းဖြင့် ဆန်ရောင်းချပေးမည့် ကိစ္စရပ်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း နှင့်မြို့နယ်လဝကမှ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးငွေမင်းထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးနိုင်ဦးတို့က ကျေးရွာလုံခြုံရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားကြသည်။ ဆက်လက်၍ မြို့နယ် အဆင့် ဌာနဆိုင်ရာများက မိမိတို့သက်ဆိုင်ရာဌာနအလိုက် ကျေးရွာနေ ပြည်သူများ အားဝန်ဆောင်မှု အဖြစ်ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး ပြောကြား ကြပြီး၊ တက်ရောက်လာကြသောပြည်သူများ ကကျေးရွာအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် အခက်အခဲများအား တင်ပြကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူ များကပြန်လည် ဆွေးနွေး ပြောကြား ကြသည်။
ထို့နောက် ဖျာပုံမြို့နယ်ဆန်စက်၊ ဆန်ကုန်သည်များ အသင်းမှသက်သာသော စျေးနှုန်းဖြင့် အချွန်ဆန်တစ်ပြည် (၁၅၀၀)ကျပ်နှုန်းဖြင့်မြို့နယ် ကြက်ခြေနီအသင်း တာဝန်ရှိသူ များက တာဝန်ခံ ရောင်းချပေးကြပြီး၊ ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများက ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း တို့ကို ဆောင်ရွက် ကြပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့်ဝန်ထမ်းများက အိမ်ထောင်စုဇယား များဆောင် ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)