မြစ်ကြီးနား စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ လွယ်လင့်တကူ စာပေဖတ်ရှုလေ့လာနိုင်ပြီး လူ့စွမ်းအား အရင်းအမြစ် များဖွံ့ဖြိုးရေးဆောင်ရွက်လျက်ရှိရာ သုတ၊ ရသစာအုပ်စာစောင်များအား ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနား မြို့အမှတ် (၈)အခြေခံပညာအထက်တန်း ကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် ဖြင့် အခမဲ့သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးရာတွင် မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အဆိုပါကျောင်းရှိ စာကြည့်တိုက်တာဝန်ခံများအား Group Member ဖြင့် သုတ၊ ရသစာအုပ်စာစောင် အုပ်ရေ (၂၀၀) အခမဲ့ ငှားရမ်းပေးခဲ့သည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးမှုများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများနှင့် ရပ်ကွက်ကျေးရွာ စာကြည့်တိုက် များတွင် အလှည့်ကျစနစ်ဖြင့် သွားရောက်ငှားရမ်းပေးလျက်ရှိပြီး နှစ်ပတ်လျှင် တစ်ကြိမ် သုတ၊ ရသ စာအုပ် စာစောင်သစ်များ လဲလှယ်ငှားရမ်းပေးခြင်းဖြစ်ကြောင်းသိရသည်။
ယော်ဆောင်(ပြန်/ဆက်)