နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှစ်အထက် သက်ကြီးဘိုးဘွား ၁၂၂ဦးအား လူမှုရေးပင်စင်ထောက်ပံငွေကျပ် ၃၆သိန်းကျော် ထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) သုံးလအတွက် မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုဘွား (၁၂၂)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၃၆)သိန်းကျော် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ (၁)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၊ Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲအား

ဘိုကလေးမြို့နယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များမှ စားအုန်းဆီ(၅၀)သားလျှင်(၃၀၀၀)ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချရာ ပိဿာချိန် (၁၅၄၀) ရောင်းချပြီးပြီဖြစ်

နွမ်းပါးပြည်သူများ၏ စားဝတ်နေရေး ချောင်ချိသက်သာစေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးဦးစီးဌာနတို့ ပူးပေါင်းကြီးကြပ်မှုများဖြင့် မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်ကြီးများမှ သတ်မှတ်ရက်များအလိုက် ဘိုကလေးမြို့ပေါ်ရှိ အမှတ်(၆၊ ၇၊ ၈၊ ၉၊ ၁၀)ရပ်ကွက်များ၊

မြဝတီမြို့၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးရောင်းချပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးတို့အတွက် ယနေ့နံနက် ၇ နာရီက အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံစစ်ဗျူဟာအဖွဲ့ အ​ခြေချသဃ်န်းညီနောင်၊ အမှတ်(၁၀၂၂) နယ်ခြားစောင့်တပ်၊ အမှတ်(၂၇၅)ခြေမြန်တပ်ရင်း၊ အမှတ် (၃၅၅) ခြေမြန်တပ်ရင်း၊ အမှတ်(၃၅၆) ခြေမြန်တပ်ရင်းနှင့် အမှတ် (၃၅၇) ခြေမြန်တပ်ရင်း၊ တပ်ဖွဲ့တို့မှ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်မိသားစုများ၊ နယ်​ခြားစောင့်တပ်မှ မိသားစုများ စုပေါင်း၍ ဘုရင့်နောင် စျေးကြီးရှေ့တွင် ရောင်းချပေးကြောင်း သိရသည်။

သီပေါမြို့အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ ယနေ့မန်နေ့ မွန်းလွှဲ (၁)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉) နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ထိုးနှံပေးသည်။

မြင်းခြံမြို့နယ် အိုင်းမကျေးရွာ၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အိုင်းမကျေးရွာ၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ (၂၃)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသဘင်ဆောင်တွင် ကျင်းပသည်။

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ ရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော စာဖတ် ပရိတ်သတ်များထံ မိုဘိုင်းစနစ် ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံ ငှားရမ်းပေးခြင်းကို စက်တင်ဘာ ၁၃ ရက်နေ့ ညနေ (၂)နာရီက စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်-ကျန်းမာရေးလမ်း အထက-တနင်္သာရီကျောင်းဝင်းဘေးတွင် တနင်္သာရီတပ်နယ်မှူး အမှတ် (၃၀၆) အမြောက်တပ်ရင်းမှူး ဗိုလ်မှူးထက်ကိုကိုဝင်း ဦးဆောင်သည့်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက တနင်္သာရီမြို့နေ အခြေခံပြည်သူလူထုများအား ဆန်နှင့်အခြေခံစားကုန်များ၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာပြီး လွယ်ကူချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် (ဒုတိယ) နေ့အဖြစ် ဆက်လက်ရောင်းချပေးကြောင်း သိရှိရသည်။
Subscribe to