မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မြဝတီ စက်တင်ဘာ ၁၅

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (Women Club) အသင်းဝင်များစုပေါင်း၍ ယနေ့နံနက် ၁၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားသည့် “ဘဝတန်ဖိုး၊ အမှန်တိုးအောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ကြသည်။

စာဖတ်ဝိုင်းတွင် (Women Club) အသင်းဝင် ဒေါ်လဲ့လဲ့ဝင်းက အဆိုပါစာအုပ်မှ ”လူသားနှင့် ဘဝတန်ဖိုး” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် လူတစ်ယောက်ဟုဖြစ်လာရခြင်းသည် ကံကြောင့် သံသရာခရီးလမ်းသွားနေရခြင်းဖြစ်ပေသည်။ ထိုသံသရာခရီးလမ်း သွားနေရခြင်းကိုပင် ဘဝဟု ခေါ်ဆိုပေသည်။ လူဟူသည်မှာ ဘဝတန်ဖိုးကို လိုချင်သောသတ္တဝါဖြစ်လေသည်။ ဒါကြောင့် လူတို့သည် အသက်အရွယ်တိုင်း၌ တန်ဖိုးရှိပေသည်။ ဘဝတွင် ရတနာရှိသည်ဟူသည်မှာ အရည်အချင်းပညာနှင့် ကြီးပွားတိုးတက်လိုသော စိတ်ဓာတ်ရှိသူများကို ဆိုလိုသည်။ လူတိုင်း ဘဝတန်ဖိုး ကြီးမြတ်စေရန် ကံ၊ ဉာဏ်၊ ဝီရိယအားထုတ်၍ ကြိုးစားလျှင် အောင်မြင်မှု မလွေမသွေ ရရှိမည်ဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးပေးသည်။

ဆက်လက်၍ စာပေဝါသနာရှင် ဦးမန်းသန်းရွှေမြင့်က ထိုစာအုပ်မှပေးသည့် သင်ခန်းစာများသည်  မိမိတို့အရွယ်လူငယ်များ ဘဝတွက် ဘဝတန်ဖိုးသည် ခွန်အားတစ်ခုဖြစ်စေကြောင်းနှင့် စာပေဖတ်ပါ များမှသာလျှင် အမှား၊ အမှန် ချင့်ချိန်သုံးသပ်ဝေဖန်ခွဲခြားနိုင်မည်ဖြစ်ကြောင်းကို ပြန်လည် ဆွေးနွေး သည်။

ထို့နောက် တက်ရောက်သည့် စာပေချစ်မြတ်နိုးသူများက ဆွေးနွေးခဲ့သည့် ခေါင်းစဉ်အပေါ် သုံးသပ်ချက် အမြင်များဖြင့်  အကြုံပြုဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း