ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁,၉၅၅) ဦး ထိုးနှံပြီးဖြစ်

ကျောက်ဆည်၊ စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများ ကူးစက်မှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခြင်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများ ထိုးပေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၁) နာရီက စုကြီးရပ်ကွက်၊ မြို့တော်ခန်းမနှင့် အခြေခံပညာကျောင်းများတွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ (၁,၉၅၅)ဦး ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ပထမအကြိမ်တွင် (၂၁၀,၇၄၂) ဦး၊ ဒုတိယအကြိမ်တွင် (၁၈၇,၃၂၄)ဦး၊ တတိယအကြိမ်တွင် (၂၈,၁၂၆)ဦးနှင့် စတုတ္ထအကြိမ်တွင် (၁,၉၅၅)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးရေးကော်မတီထံမှ သိရှိရသည်။

ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ၀န်ထမ်းများ၊    မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်း၀င်များ ပူးပေါင်း၍  ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် သတ်မှတ်အကြိမ်တွင် ပြည်သူများ လာရောက်ထိုးနှံရေး ဆော်ဪခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)