ထားဝယ်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး Mask နှင့် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

ထားဝယ် စက်တင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသည် ထားဝယ်မြို့အတွင်း Mask နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထက်‌နောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးတင်ဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်မိခင် နှင့်ကလေးအသင်းအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့များက ထားဝယ်မြို့အဝင်ဂိတ်များဖြစ်သည့် ဗျောတောဝဂိတ်တွင် Mask (၁၅၀၀) ခုနှင့် လက်ကမ်းစာစောင် (၇၅၀) စောင်ကိုလည်းကောင်း၊ ပေါက်တိုင်းဂိတ်တွင် Mask (၁၅၀၀) ခုနှင့် လက်ကမ်းစာစောင်(၇၅၀)ခုကို လည်းကောင်း စုစုပေါင်း Mask (၃၀၀၀)ခုနှင့် လက်ကမ်းစာစောင် (၁၅၀၀) ခုတို့ကို မြို့ဝင်/မြို့ထွက် သွားလာနေ သည့် ပြည်သူများနှင့် မော်တော်ယာဉ်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ဝင်း (အရှေ့တိုင်း)