ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

ဒဂုံအရှေ့  စက်တင်ဘာ  ၁၅

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ်အတွင်းပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ()နာရီအချိန်တွင် အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

ထို့နောက် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ပစ္စည်းများ ရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသူ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအထောက်အကူပြု ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ဖွဲ့စည်းထားသောဌာနဆိုင်ရာစစ်ကြောင်းအဖွဲ့များမှ တာဝန်ရှိသူများပူးပေါင်း၍ ဒေသခံပြည်သူများ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည်ငွေကျပ် (၁၆၀၀) နှုန်း၊ ဆီတစ်ပိဿာလျှင် ငွေ(၄၈ဝဝ)ကျပ်နှုန်းနှင့် ကြက်ဥတစ်လုံး ငွေ ကျပ်(၁၇၅)ကျပ်ကို ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)