မိုးညှင်းမြို့၌ ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မိုးညှင်း၊ စက်တင်ဘာ ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၅ ရက် နံနက် (၁၁)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးညီညီလွင်က မိုးညှင်းမြို့တွင် ကိုဗစ်−၁၉ရောဂါကူးစက်မှု ပြန်လည်မြှင့်တက်လာသဖြင့် ကိုဗစ်−၁၉ရောဂါ ကူးစက်မှုများ ထပ်မံဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် Mask များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးကြေ ညာခြင်း၊ ကိုဗစ်−၁၉ရောဂါ ကာကွယ် ဆေးထိုးနှံကြရန် အသိပညာပေးခြင်း၊  လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ လူစည်ကားရာဈေးများတွင် Mask တပ်ဆင်ရေး အသိပညာ ပေးခြင်းများ ဆောင်ရွက်ကြရန်နှင့် မိုးညှင်းမြို့တွင် ကိုဗစ် တတိယလှိုင်းက (၈၅၀၀)ဦးကျော် ကူးစက်ခံခဲ့ရပြီး (၂၆၀)ဦး သေဆုံးမှုများရှိခဲ့ပြီး၊ စတုတ္ထလှိုင်းတွင် (၆)ဦးသေဆုံး မှုရှိခဲ့ကြောင်း၊ သြဂုတ်လကုန်ပိုင်းက နန့်စီးအောင်ဂိတ်တွင် ယာဉ်မောင်းတစ်ဦးထံမှ စတင်တွေ့ရှိခဲ့ပြီး ယနေ့အထိ  (၂၆)ဦး ကူးစက်ခံထားရကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုနှင့် အဖွဲ့ဝင်များက ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေး လုပ်ငန်းများကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ကြမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်